#Local_News
Published_ 1 July 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာတံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာဘက်သို့ အားကျိုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရ ရှာဖွေခံပါတယ်။

 

ထိုသို့ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ရာဘာခြံရှိ အားဆော် ၏နေအိမ်အားရှာဖွေရာ အားဆော်မှာတိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက် တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

 

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group