#Local_News
Published - 29 June 2022

 

ဒါရိုက်တာခင်စောမျိုးသည်ဇွန်လ(၂၉)ရက်နံနက် ၁၀နာရီက ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်၊၊

 

သူရိုက်ကူးခဲ့သည့်ဇာတ်ကားများထဲတွင် ဆရာကြီး မင်းသိင်္ခရဲ့ 'မတစ်ထောင်တစ်ကောင်ဘွား'နှင့် 'ရပ်ကွက် ဘုရင်မ'စသည့်ဇာတ်ကားများသည် လူသိများကျော်ကြားခဲ့ပြီး အခြားသောအောင်မြင်ကျော်ကြားသည့်ဇာတ်ကားများစွာလည်း ရိုက်ကူးခဲ့ကြောင်းသိရသည်၊၊

 

ဒါရိုက်တာခင်စောမျိုးသည် တချိန်ကနာမည်ကြီး ဒါရိုက်တာအေဝမ်းမောင်လှမျိုး(ကွယ်လွန်)၏သားဖြစ်သူဖြစ်ပြီး နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများစွာကို ဖန်တီးရိုက်ကူးခဲ့သူဖြစ်သည်၊၊

 

ymg/tthl
#Yangon_Media_Group