#LocalNews
Published - 29 June 2022

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာနတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

အသက် (၁၈)နှစ်နှင့်အထက်ရှိသူများကို အကြိမ်ပြည့် ထိုးနှံပေးခြင်းနှင့် အသက်(၄၀)နှစ်နှင့် အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ(၆) လနှင့် အထက်ရှိသူများကိုထပ်ဆောင်း ကာကွယ်ဆေးအဖြစ်ထိုးနှံပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ဖော်ပြထားသည်၊၊

 

ဆေးရုံအခြေပြု ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ် (Hospital based covid-19 vaccination post) အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် ဇွန်လ(၂၂) ရက်နေ့မှ စတင်၍ အပတ်စဥ် ဗုဒ္ဓဟူးနေ့(ရုံးဖွင့်ရက်) မနက် ၉ နာရီမှ ၁၂ နာရီအထိထိုးနှံပေးမည် ဖြစ်သည်၊၊

 

ကာကွယ်ဆေးထိုးမည့်သူများ ပိုမိုအဆင်ပြေစေရန်အတွက် Online Booking ယူပြီးမှ လာရောက်ပေးကြရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

ymg/tthl
#Yangon_Media_Group