#Local_News
Published_ 26 June 2022

 

ပေါင်းလောင်းမြစ်မှ စီးဆင်းလာသည့်ရေကို အကျိုးရှိစေရန် ထပ်မံ၍ Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာမှုများကို အချိန်တိုအတွင်း အမြန်ရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့ပါတယ်။

 

ဇွန် (၂၅) ရက် မွန်းလွဲပိုင်းတွင် ပေါင်းလောင်းတမံ၊ ရေထိန်းဆည်(Wier)နှင့် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ပေါင်းလောင်းမြစ်ကို အခြေခံ၍ ပေါင်းလောင်းမြစ်ပေါ်တွင် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံ (၁၄၀) မဂ္ဂါဝပ်၊ နန်ချို ဓာတ်အားပေးစက်ရုံ (၄၀) မဂ္ဂါဝပ်နှင့် အောက်ပေါင်းလောင်း ဓာတ်အားပေး စက်ရုံ (၂၈၀) မဂ္ဂါဝပ် တို့ကို ထုတ်လုပ်လျက်ရှိပြီး အလယ်ပေါင်းလောင်း စက်ရုံကို (၁၆၆) မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဝန်ကြီးကမှာကြားခဲ့ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group