#LocalNews
Published _25 June 2022

 

အမြန်လမ်းတွင် နေပြည်တော်မှရန်ကုန်သို့မောင်းလာသည့် Express ယာဉ်နှစ်စီးတိုက်မိ၍ လူ ၈ ဦးဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၅ ရက်ညနေပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၁/၄)ဖာလုံတွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Express ခရီးသည်တင်ယာဉ် နှစ်စီးတိုက်မိခဲ့ခြင်းဖြစ်‌ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။

 

ယင်းကြောင့် ဒဏ်ရာရရှိသွားကြသည့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးငါးဦးတို့အား အမြန်လမ်း မီးသတ်တပ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက မြိုချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group