#LocalNews
Published - 22 June 2022

 

စက်သုံးဆီဈေးများ မြင့်တက်လာသည့်အတွက် ရန်ကုန်ရှိ လူမှုကူညီရေးပရဟိတအသင်းများ ရပ်တည်နိုင်ရန် ခက်ခဲနေသည့်အတွက် ၄င်းတို့ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို စုပေါင်းလုပ်ကိုင်ကြပြီး ရရှိသည့်ငွေကြေးများဖြင့် ပရဟိတအလုပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊

 

ရွှေလောင်းလှေပရဟိတ ဖောင်ဒေးရှင်းအနေဖြင့် အသင်းရဲ့စေတနာ့ဝန်ထမ်းများ ကျောတစ်ခင်းစာ နေထိုင်စားသောက်ရန်လိုအပ်ချက်ရှိတဲ့အတွက် ပြင်ဦးလွင်ခြံထွက် နာနတ်သီးများကိုတစ်လုံးကို ကျပ် ၅၀၀ ဖြင့် ရောင်းချနေသည်ဟုဆိုသည်၊၊

 

ပုလဲအရန်မီးသတ်တပ်ဖွဲ့အနေဖြင့်လည်း ပရဟိတ အလုပ်များ ရှေ့ဆက်လုပ်ကိုင်နိုင်ဖို့ ကားရေဆေးခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိကြောင်း ကိုထင်လင်းအောင်ထံမှ သိရသည်၊၊

 

လက်ရှိတွင် လူမှုကူညီရေးပရဟိတအသင်းများ အနေဖြင့် စက်သုံးဆီဈေးကြီးမြင့်ခြင်းက တစ်ကြောင်း၊ စားဝတ်နေရေးခက်ခဲသဖြင့် အလှူရှင်များနည်းပါးလာသည်က တစ်ကြောင်းကြောင့် လူမှုကူညီမှုအလုပ်များကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group