#LocalNews
Published - 22 June 2022

 

ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။

 

ယမန်နေ့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၁၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၇၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၂၀ ကျပ် အထိ မြင့်တက်လာကြောင်း ဈေးနှုန်းများအရ သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

"ကားဆီဖြည့်ရတာ အခက်အခဲအများကြီးရှိပါတယ်။ ဆီကရချင်တဲ့ဆိုင်က ရတယ်။ မရချင်တဲ့ဆိုင်ကမရဘူး။ ပြီတော့ တန်းစီရတယ်။ အချိန်ကြာတယ်။ ငွေကုန်တယ်။ ဆီဝယ်ရတာဆက်ပြီးခက်ခဲနေမှာပါ"ဟု ကိုယ်ပိုင်ယာဉ်မောင်းသူ ကိုအောင်အောင်က ပြောသည်။

 

ymg/sth
#Yangon_Media_Group