#Local_News
Published_ 21 June 2022

 

တရုတ်-မြန်မာနယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန် သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၈၆၈၀၀ ရှိပြီး ယခင်နှစ် ကာလတူထက် ၈၀.၆% တိုးလာကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၃၄ သန်းရှိပြီး ယခင်နှစ် ကာလတူထက် ၁၃၃.၆% တိုးလာကြောင်း မုန်တိန်အကောက်ခွန်ဌာန၏ စာရင်းပြုစုမှုအရ သိရပါတယ်။

 

နှစ်စဉ် ဒီဇင်ဘာလမှ နောက်တစ်နှစ် မေလအထိ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ကြံစိုက်ပျိုးမှုနှင့် ရိတ်သိမ်းရာသီဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူများ ဝင်ငွေတိုးပွားစေရေးတို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ယခုနှစ်တွင် အဆိုပါ နယ်စပ်စစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံမှ တင်သွင်းသော ကြံတန်ချိန် ၁၁၃၀၀၀ ကို ဂိတ်ဖြတ်သန်းမှု အဆင်ပြေချောမွေ့စေရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးအပ်ခဲ့တယ်လို တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group