#Local_News
Published_ 21 June 2022

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

 

ဒုတိယနေ့ ဆွေးနွေးပွဲကို ဇွန် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group