#LocalNews
Published_20 June 2022

 

မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်ကြိုးစားသည့် အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြားအရွယ်ရှိ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းတပ်မတော်က ဇွန်လ ၁၈ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

BUKIT KAYU HITAM- မလေးရှား-ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ခိုးဝင်ရန်ကြိုးပမ်းသည့် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်သော မြန်မာနိုင်ငံသားများအား အမှတ် (၆) ခြေမြန်တပ်မဟာ၏ တာဝန်ကျရာနယ်မြေ Op Benteng ထိုင်း-မလေးရှားနယ်စပ် ရော်ဘာခြံတစ်ခုတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

“မလေးရှား-ထိုင်းနယ်စပ်ခြံစည်းရိုးမှာ တပ်စွဲထားတဲ့ Serang dan Tangkap (Serkap) အဖွဲ့ဝင်အဖွဲ့တစ်ဖွဲ့က လမ်းလျှောက်နေတဲ့ အရပ်သားအုပ်စုကို သံသယဖြစ်ဖွယ်တွေ့ရှိခဲ့တဲ့အခါ ခြေရာခံလိုက်တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့တယ်၊သူတို့ကိုစစ်ဆေးတဲ့အခါ အားလုံးမှာ တရားဝင်ခရီးသွား စာရွက်စာတမ်းမပါဘူး၊ဒါကြောင့် အဖမ်းခံရတာ"ဟု မြန်မာရွှေ့ပြောင်းများအရေးလုပ်ဆောင်နေသူတစ်ဦးက မလေးရှားအာဏာပိုင်များထုတ်ပြန်ချက်ကို ကိုးကား၍ ပြောပြသည်။

 

လူ ၃၈ ဦးတွင် ပါရှိသည့် လက်ကိုင်ဖုန်း ၂၃ လုံးနှင့် မလေးရှားရင်းကစ် ၁၀၄၉၈ နှင့် ညီမျှသော ထိုင်းငွေများကို သိမ်းဆည်းရမိခဲ့ကြောင်း နှင့် ယင်းတို့အား Bukit Kayu Hitam ရဲစခန်းသို့ လွှဲပြောင်းထားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group