#LocalNews
Published_17 June 2022

 

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ယနေ့ ဇွန်လ ၁၇ ရက်တွင် အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

 

အမှုအမှတ် ၆၊ ၇၊ ၈ အတွက် တစ်မှုစီ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် ချမှတ်ကာ ကျန်နှစ်မှုကို ၃နှစ်စီချမှတ်လိုက်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်နေရသော အမှု ၉ မှုအထဲမှ သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် ထောင်ဒဏ် ၄နှစ်ကို ပြီးခဲ့သည့်၂၀၂၁ ဒီဇင်ဘာလ ၈ ရက်တွင် ချမှတ်ခဲ့သေးသည်။

 

ဇွန်လ ၁၄ရက်တွင် ယနေ့ ချမှတ်သော အဂတိအမှု ၅ မှုအတွက် အပြီးသတ် လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအမှု ၅ မှုတွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ပတ်သက်သည့်အမှုမှာ အမှုအမှတ်(၇)နှင့်(၈) ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group