#LocalNews
Published - 17 June 2022

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထဲမှ နေရပ်ပြန်လိုသူများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ဇွန်လ (၁၆) ရက်တွင် (၂၇၄) ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပြန်လည်ဝင်ရောက်လာသူများတွင် ပဲခူးတိုင်းဒသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးတို့မှ အမျိုးသား (၁၈၃) ဦး၊ အမျိုးသမီး (၉၁) ဦး စုစုပေါင်း (၂၇၄) ဦးရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သားများထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့် သတ်စောင့်ကြည့်ရေး စခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးသက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group