#LocalNews
#Published - 17 June 2022
+++++++++++++++++++++++++++++

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးမြို့ အ.ထ.က (၁၆) ချမ်းအေးသာစံမှ မအိမ့်မှုးခင်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘာသာစုံဂုဏ်ထူး အမှတ်အများဆုံးနှင့် ပထမရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၂) ဦး အနက် ပထမရရှိသည့် မအိမ့်မှုးခင်မှာ ခြောက်ဘာသာဂုဏ်ထူးဖြင့် အမှတ်ပေါင်း ၅၅၈ မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၈၁၇၅၁ ဦး ဖြေဆိုခဲ့ရာ ၁၃၂၀၇၇ ဦး အောင်မြင်ခဲ့ပြီး၂၀၂၂ ခုနှစ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိသောကြောင့် အောင်ချက်အကောင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိရာ ၆၄၁၄ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၁ ရှိသော ကြောင့် အောင်ချက်အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ သိရသည်။

 

ymg/NN
#Yangon_Media_Group