#LocalNews
Published_17 June 2022

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂-၆၃ကြားရှိ KBZ ဘဏ်ခွဲ (၉)သို့ ယနေ့ ဇွန်လ ၁၇ ရက် နံနက်က သေနတ်သမားလေးဦး လာရောက်၍ ငွေကျပ် သိန်းလေးရာ ဓားပြတိုက်ယူသွားကြောင်း သိရသည်။

 

ဘဏ်အတွင်းသို့ လူနှစ်ဦး ဦးစွာဝင်လာကာ KBZ Pay ဖွင့်မည်ဟုပြောဆိုကြောင်း၊ အဆိုပါ နှစ်ဦးအပြင် အခြားနှစ်ဦးဝင်လာချိန် လေးဦးပေါင်း၍ အဆိုပါ ဓားပြတိုက်မှုကို ကျူးလွန်ကြခြင်း ဖြစ်ကြောင်းနှင့် ဘဏ်အတွင်းမှ ထွက်ခွာစဉ် အမဲရောင်အထုပ် တစ်ထုပ်ကို ကောင်တာပေါ်တင်ထားခဲ့ကြောင်း သိရသည်။

 

"မနက် ၁၀ နာရီ ခွဲဝန်းကျင်လောက်က KBZ Pay ဖွင့်ဖိုဆိုပြီး ဝင်လာတာ၊ သေနတ်ပြပြီးတော့ ဘယ်သူမှ မလှုပ်နဲ့ဆိုပြီး ပိုက်ဆံတွေကို ယူသွားတာလို ကျွန်တော်တို့ ကနဦး စစ်ဆေးချက်အရ သိရတယ်၊ သူတို့အထုပ်တစ်ခု တင်ခဲ့တာကလည်း ဗုံးလိုလိုပေါ့။ ဒါပေမဲ့ ဗုံးမဟုတ်ဘူး၊ အခု လုံခြုံရေးဆောင်ရွက်နေကြတယ်"ဟု လုံခြုံရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

 

ယခုအခါ အဆိုပါ ဓားပြတိုက်မှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိစေရေးအတွက် သက်ဆိုင်ရာက အပူတပြင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group