#Local_News
Published_ 15 June 2022

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ တည်ဆောက်နေသော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဇွန် ၁၄ ရက်နံနက်ပိုင်းတွင် တည်ဆောက်ဆဲ ကျောက်ဖြူမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြပါတယ်။

 

နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်းပြီး စက်ရုံလုပ်ငန်း စတင်လည်ပတ်ပါက ၁၃၅ မဂ္ဂါဝပ် ဓာတ်အားထွက်ရှိမည်ဖြစ်ပြီး ၁ ယူနစ်လျင် ၈.၅၉ ဆင့်နှုန်းဖြင့် ဖြန့်ချိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့ကြောင့် ဒေသအတွက် များစွာအကျိုးရှိနိုင်မည် အခြေအနေများ၊ စက်ရုံစီမံကိန်း အကောင်အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ရန်အခြေအနေများ၊ စက်ရုံပတ်ဝန်းကျင် ဒေသခံပြည်သူများ အတွက် ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်သော (CSR) လုပ်ငန်းများ ဆောင်ရွက် နိုင်မှုအခြေအနေများ၊ စီမံကိန်းဆောင်ရွက်မှုကို သတ်မှတ်စံချိန်စံနှုန်းများ ပြည့်မီစွာဖြင့် ရည်မှန်းကာလ ပြီးစီးရေးဆောင်ရွက်ရန် အခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော်မှု သတ်မှတ်ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့် ပညာရှင်များရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

 

အဆိုပါ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း စက်ရုံတွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့် စွမ်းအားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။

 

စက်ရုံလည်ပတ်စဉ် ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး လုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင် ခေါ်ယူတာဝန်ပေး၍ စက်ရုံ လည်ပတ်မှု ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှပြောင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group