#LocalNews
Published_13 June 2022

 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အထွက် ဟွေ့ယအုစစ်ဆေးရေးဂိတ်တွင် တရားမဝင်မြန်မာများ တင်လာသည့်ယာဉ်တစ်စီးကို ပစ်ခတ်ဖမ်းဆီးရာတွင် လေးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၀ ရက်၊ ည ၁၀ နာရီခန့်အချိန်က ထိုင်းရဲတပ်ဖွဲ့၏ တားဆီးစစ်ဆေးခြင်းကို မခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့စဉ်ယာဉ်မောင်းဖြစ်သူမှာ ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယာဉ်ပေါ်ပါ တရားမဝင်မြန်မာနိုင်ငံသား ၉ ဦးအနက် ၄ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုအခါ ဆေးကုသမှုခံယူနေရကာ ကျန် ၅ ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို ဖဝေါရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရသည်။

 

လက်ရှိတွင် ယာဉ်နံပါတ်ကို ခြေရာခံ၍ လူမှောင်ခိုပြုလုပ်နေသူများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးရမိရန် သဲလွန်စပြီ ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်တွင် ထိုင်းအာဏာပိုင်များက မီဒီယာများကို ပြောကြားထားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_group