#LocalNews
Published - 13 June 2022

 

ဂျပန်နိုင်ငံတွင် တက္ကသိုလ်တက်ရောက်လိုသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် IUCHI Full Scholarship အိအုချိပညာတော်သင်ဆု လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်၊၊

 

လျှောက်လွှာများကိုဇွန်လ(၁)ရက်မှ (၂၃)ရက်နေ့ ညနေ(၅)နာရီအတွင်း အိအုချိဖောင်ဒေးရှင်း (IUCHI Foundation) မြန်မာရုံးဖြစ်သည့် မြဂျပန်စာသင်ကျောင်း ၏ E-Mail လိပ်စာဖြစ်သော mya.japan This email address is being protected from spambots. You need JavaScript enabled to view it. သို့ Attached File ဖြင့် ပေးပို့လျှောက်ထားရမည်ဖြစ်သည်၊၊
ပညာသင်ဆုလျှောက်ထားသူအနေဖြင့် အသက်ကန့်သတ်ချက်၂၀၀၂ဇန်နဝါရီ(၁)ရက်မှ၂၀၀၆ ဒီဇင်ဘာ(၃၁)ရက်အတွင်း မွေးဖွားသူဖြစ်ရမည်ဖြစ်သည်၊၊

 

ပညာရေးကန့်သတ်ချက်အနေဖြင့်၂၀၁၉ မတ်လ (သို့မဟုတ်)၂၀၂၀မတ်လအတွင်း ဂျပန်အထက် တန်းကျောင်းဖြင့်ညီမျှသော အတန်းကျောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ၆ ဘာသာရမှတ်(၄၈၀)အထက်ရထားသူ(ရနိုင်ခြေရှိသူ)ဖြစ်ရမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်၊၊

 

ပညာသင်ဆုရပါက အိအုချိဖောင်ဒေးရှင်းက သတ်မှတ်ထားသည့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်ရမည်ဖြစ်ပြီး ပညာသင်စရိတ်၊ သွားလာစရိတ်စသည့်အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group