#LocalNews
Published - 13 June 2022

ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်းဆက်တိုက်မြင့်တက်နေသော်လည်း ခရီးသည်များ အဆင်မပြေသည့်အတွက် ပုံမှန်နှုန်းထားဖြင့်သာ ယာဥ်လိုင်းများပြေးဆွဲပေးနေကြောင်း တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ သိရသည်။

 

"ဆီစျေးက ဆက်တိုက်တတ်နေတာ အဆင်မပြေဘူး။ အခက်အခဲတွေတော့ရှိတာပေါ့။ ယာဥ်စီးခကလည်း တိုးမကောက်ချင်ဘူး။ ခရီးသည်တွေကအဆင်မပြေဘူး။ ဆီစျေးထပ်တတ်ရင်တော့ တိုးကောက်သင့်ရင် ကောက်မှာပေါ့။ တခြားယာဥ်လိုင်းတွေတိုးရင်တော့ ကျွန်တော်တို့လည်းတိုးမယ်။ ခရီးက အပြည့်မပါဘူး။ ၂၀ ကျော်လောက်ပဲရှိတယ်"ဟု တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲပေးနေသော ယာဥ်လိုင်းပေါင်း ၃၈၇ လိုင်း ယာဥ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဥ်ခရီးသည် ၂ သောင်းနီးပါးကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group