Published - 23 August 2021
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်ဘုရား အထက်စက်တော်ရာကို တက်ရောက်ဖူးမျှော်မှု လွယ်ကူစေရေးဓာတ်လှေကားတည်ဆောက်ရေးစီမံကိန်းကို ကျပ်သိန်းပေါင်း ၁၆၀၀၀ အကုန်အကျခံတည်ဆောက်နေပြီး လက်ရှိလုပ်ငန်းပြီးစီးမှုမှာ ၄၅ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း ဓာတ်လှေကား တည်ဆောက်ရေးစီမံကိန်း မန်နေဂျာဦးသန်းလွင်က Yangon Times ကိုပြောပါတယ်။