#LocalNews
Published - 11 June 2022

 

လာမည့်ဇွန်လ(၁၃)ရက်တွင်ကျရောက်မည့် နယုန်လပြည့်နေ့မဟာသမယအခါတော်နေ့တွင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ မဟာသမယအခါတော်နေ့အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

အဆိုပါ ဇွန်လ(၁၃)ရက်တွင် မဟာသမသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်၊၊

 

အခမ်းအနားကို 'နမောတဿ 'သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခြင်း၊ စေတီတော်ဝန်ထမ်းများနှင့် အသင်းအဖွဲ့များက မဟာသမယသုတ်ပါဠိတော်များကို ညီညာစွာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရပါသည်၊၊

 

ymg/tthl
#Yangon_Media_Group