#LocalNews
Published - 9 June 2022

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အနေဖြင့် ပြည်ပအလုပ်သမားမှတ်ပုံတင်ကတ် (Overseas Worker Identification Card- OWIC ) ပါရှိမှသာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့်ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ ကတ်ကို ငါးနှစ်သက်တမ်းဖြင့် ထုတ်ပေးလျက်ရှိပြီး ယင်းသတ်မှတ်ငါးနှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင် အသုံးပြုနိုင်ကြောင်းလည်း သိရသည်။

 

ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေးပြီး ထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှ တစ်ဆင့် လိုအပ်သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် Overseas Worker Identification Card- OWIC ကို သက်တမ်း ငါးနှစ်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/sth
#Yangon_Media_Group