#LocalNews
Published - 8 June 2022

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်အကြောင်းများကို သမိုင်းဆိုင်ရာစာအုပ်အဖြစ်ရေးသားပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်က YMG ကိုပြောသည်၊၊

 

ကြေးခေတ်၊ သံခေတ်များကတော့ ရေးသားနေပြီဖြစ်ပြီး ကျန်ခေတ်များကို ဆက်လက်ရေးသားနေကြောင်း သိရသည်၊၊

 

"မြန်မာ့နိုင်ငံရေး သမိုင်းကတော့ အားလုံးဆက်စပ်ထုတ်ထားပြီးဖြစ်တယ်၊၊ အခုလောလောဆယ်ကတော့ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ပျူခေတ်အကြောင်း ဖြည့်ဖို့ရှိပါတယ်၊၊ အဲဒါတွေကို စာအုပ်ရေးသားထုတ်ဝေနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်၊၊ ကြေးခေတ်၊ သံခေတ်အကြောင်းကိုတော့ ရေးထားပြီးတဲ့ဟာကို ရှေးဟောင်းသုတေသနအဖွဲ့နဲ့ ဆွေးနွေးနေတာရှိပါတယ်၊၊ လိုအပ်တာကို ဖြည့်စွက်ဖို့ လုပ်နေတာလေးတွေရှိပါတယ်၊၊ ခေတ်တွေကို မရေးရသေးတဲ့အပိုင်းတွေထပ်ဖြည့်နေတာရှိပါတယ်"လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ဦးအောင်မြင့်က ပြောသည်၊၊

 

သမိုင်းဆိုင်ရာ စာအုပ်ဖြစ်သောကြောင့် သမိုင်းသုတေသနက သမိုင်းပညာရှင်များက တာဝန်ယူရေးသားမှာဖြစ်ပြီး ရှေးဟောင်းသုတေသနက ပညာရှင်များထံမှ အထောက်အထားအချက် အလက်များနှင့် စစ်ဆေးဆွေးနွေးပြီးရေးသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group