#Local_News
Published_ 8 June 2022

 

ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်းပြီးစီးပါက ဆိပ်ကမ်းကွန်တိန်နာ စသည့်အသုံးအဆောင်များကို ခေတ်မီတိုးတက်လာစေပြီး မဲခေါင်မြစ် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသုံးချမှုကို မြင့်မားလာစေမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် အခြားလန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဖြစ်နိုင်ခြေလေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ ဒီဇိုင်း ပုံဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုလေ့ကျင့်ရေးအစီအစဉ်တို့ ပါဝင်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group