#LocalNews
Pulished _ 6 June 2022

 

နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပေးနိုင်ဖို့အတွက် ရေလှောင်တမံအတွင်း စီးဝင်လာသောရေများအား စနစ်တကျစီမံပြီး ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ဆိုသည်။

 

"နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးဖို့အတွက် ရေလှောင်တမံအတွင်းကို စီးဝင်လာတဲ့ရေကို စနစ်တကျစီမံပြီး ဓာတ်အားထုတ်လုပ်နိုင်ရပါမယ်"ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇေယျသီရိမြို့နယ်ရှိ ပေါင်းလောင်းရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဇွန် ၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ရေဂိတ်တံခါးပါရေပိုလွှဲပြင်ဆင်တည်ဆောက်၍ ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရန် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကာ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်သည်ဟုလည်း သိရသည်။

 

"လျှပ်စစ်ဓာတ်အားကို တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ်ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ဖို့အတွက် ရေအားလျှပ်စစ်စက်ရုံတွေ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေ သဘာဝဓာတ်ငွေ့နဲ့ အပူစွမ်းအင်သုံးစက်ရုံတွေနဲ့လျှပ် စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို Generation Mix မှာ အရင်းအမြစ်မျိုးစုံပါဝင်ထုတ်လုပ်နိုင်ဖို့ကို ဟန်ချက်ညီညီကြိုးပမ်းဆောင် ရွက်နေပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကပြောသည်။

 

ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးတို့ကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group