#Local_News
Published_ 5 June 2022

 

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဖြစ်စဉ်မှာ ဇွန် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာအနီး ဗျူဟာလမ်းဆုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မနန်းမြတ်ထွေး မောင်းနှင်ပြီး ရန်နိုင်ကျော် လိုက်ပါလာသည့် TOYOTA AVANZA အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေခဲ့ရာ ငွေကျပ်သိန်း ၅၉၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၄၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတည်။

 

ထို့ကြောင့် မနန်းမြတ်ထွေး (၄၅) နှစ်နှင့် ရန်နိုင်ကျော် (၃၀) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်းသတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group