#LocalNews
Published - 2 June 2022

 

ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတင်ပို့မှုအတွက် ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် လွယ်ကူသော်လည်း ၂၀၂၂ ခုနှစ်အတွင်း ပြည်ပပဲတင်ပို့မှုလစဥ်လျော့နည်းလာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းဥက္ကဌ ဦးထွန်းလွင်က ပြောသည်။

 

"လိုင်စင်လျှောက်တာကတော့ အွန်လိုင်းကနေလျှောက်ရတာပေါ့၊ သူကလျှောက်ပြီးမကြာဘူး ချက်ခြင်းထုတ်လို့ရတယ့် အနေအထားရှိတယ်ပေါ့၊ လိုင်စင်ကြေးတွေကလည်း approve ဖြစ်တဲ့အတွက် အွန်လိုင်းကြေးပဲ တစ်တန်ကိုသုံးထောင်လောက်ပဲကျမှာပါ၊ ထူးထူးခြားခြားကြီးတေ့ာ အခက်အခဲ မရှိလောက်ဘူး၊ မှတ်တမ်းတွေအရကြည့်မယ်ဆိုရင်တော့ မတ်လမှာပို့ထားတဲ့ပမာဏထက် ဧပြီလမှာပို့တဲ့ ပမာဏကလျော့သွားတယ် သုံးပုံတစ်ပုံလောက်လျော့သွားတယ်၊ အဲဒီလိုပဲ မေလမှာပို့တဲ့ပမာဏကလည်း ဧပြီနဲ့ယှဥ်မယ်ဆိုရင် ဧပြီထက်ကို ၂၀ ရာခိုက်နှုန်းလောက်လျော့သွားတယ်၊ ဘာကြောင့်လျော့နည်းတာလဲဆိုရင် ပြည်ပကအဝယ်နည်းသွားတာရယ် ဒေါ်လာကန့်သတ်ချက်တွေကြောင့်လည်းပါတယ်"ဟု ဦးထွန်းလွင်ကပြောသည်။

 

ပို့ကုန်လိုင်စင်လျှောက်ထားရန်အတွက် လိုအပ်သည့် ကုန်စည်များတွင် ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ပဲပုတ်စေ့၊ နေကြာစေ့၊ မုန်ညင်းစေ့နှင့် ဆီထွက်သီးနှံအစေ့အဆံများ၊ ပဲပုတ်ဆီ၊ သံလွင်ဆီ၊ ဆီအုန်း၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနှင့် ဟင်းသီးဟင်းရွက်အဆီစသည့် ဆီအမျိုးမျိုးပါဝင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်စသည့် ကုန်စည်များပါဝင်ပြီး သြဂုတ်လ ၁ ရက်တွင် စတင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများကိုလည်း ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။

 

ymg/sth
#Yangon_Media_Group