#LocalNews
Published - 2 June 2022

 

ယနေ့ ဇွန်လ ၂ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် မေလ ၂၆ ရက်မှစတင်၍ ကျောင်းအပ်နှံမှု လက်ခံခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းအပ်သူအရေအတွက် ငါးသန်းကျော်အထိ ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

ဇွန်လ ၂ ရက် ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း ၃,၀၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင် ပိတ်ထားရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ပြန်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group