#LocalNews
Published_31 May 2022

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏အဂတိ နှစ်မှုကိစ္စတွင် ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်း ဦးမောင်ဝိတ်က ယနေ့ မေလ ၃၁ ရက်တွင် တရားခွင်၌ လာရောက်ထွက်ဆိုသွားကြောင်း သိရသည်။

 

"ဒီနေ့ရုံးချိန်းမှာ အမှုနံပါတ် ၃ နဲ့ ၄ ကိစ္စ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတယ်လို့ ထွက်ဆိုတယ်။ ဦးရဲထက်ကို ပြန်ခေါ်သက်သေအဖြစ် ညနေပိုင်းမှာ စစ်ဆးပါတယ်"ဟု တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အမှုစစ်ဆေးပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က ကန့်တော့ခဲ့ကြောင်းလည်း သိရသည်။

 

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းထားသည့် ငွေကြေးများနှင့် ပတ်သက်၍ နစက အနေဖြင့် တရားစွဲဆိုထားခြင်းလည်း ဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကစ၍ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်အား ထိန်းသိမ်းထားပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရပေ။

 

ymg/mt
#Yangon_Media_Group