#LocalNews
Published -31 May 2022

 

အနော်ရထာလမ်းမကြီးပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် နေ့လည် ၃ နာရီကျော်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လူ ၁၀ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လင်းလက်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

 

" ဘတ်စ်ကားစောင့်နေတဲ့ ခရီးသည် ဆယ်ဦးထိခိုက်ဒဏ်ရာရသွားပါတယ်၊ တစ်ဦးကတော့ စိုးရိမ်ရတယ့်လူနာပါ၊ အခုသူတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ ကုသမှုခံယူနေပါတယ်၊ အဲဒီကနေမှ လိုအပ်ရင် အမှတ် (၂) စစ်ဆေးရုံကိုပြောင်းရွှေ့ကုသဖို့လုပ်မှာပါ၊ ကျွန်မတို့အဖွဲ့က အဆင်သင့်စောင့်ပေးနေပါတယ်" လင်းလက်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 Credit CJ Nobel.

ymg/sth
#Yangon_Media_Group