#LocalNews
Published_30 May 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် ယနေ့ မေလ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်အချိန်က ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရသည့်အတွက် ဒဏ်ရာရရှိခဲ့‌‌ကြောင်းသိရသည်။

 

နယ်မြေပြောင်းရွှေ့မည့် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်တန်းဖြင့်ပို့ဆောင်စဉ် စော်ဘွားကြီးကုန်း မီးပွိုင့်အနီး လမ်းဘေးမှ သေနတ်ဖြင့်ပစ်ခတ်သဖြင့်ယာဉ်တန်းနောက်ဆုံးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး၏ လက်ယာလက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group