#Local_News
Published_ 30 May 2022

 

တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်း သစ်ဖြင့်ပို့ဆောင်လိုက်သော ပထမအသုတ် ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံနယ်စပ်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။

 

မေလ ၂၈ ရက်နေ့တွင် ပထမအသုတ် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အီလက်ထရွန်နစ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀ ရှိကြောင်းသိရပါတယ်။

 

အဆိုပါ ကုန်ပစ္စည်းများအား နိုင်ငံတကာအထူးရထားဖြင့် မေ ၂၃ ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့မှ စတင် ပို့ဆောင်ပြီး ယူနန်ပြည်နယ် လင်ဆောင်းမြို့သို့ ရောက်ရှိပြီးနောက် ကုန်းလမ်းဖြင့် ချိန်းပြောင်းပို့ဆောင်ကာ ဇွန်လရဲ့ ပထမ ၁၀ ရက်အတွင်း မန္တလေးမြို့သို့ အရောက်ပို့ဆောင်မယ်လို့ ဆိုပါတယ်။

 

ပုံမှန်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ယခုပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်ချိန် ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group