#LocalNews
Published -26 May 2022

 

မန္တလေးတိုင်း၊တံတားဦးမြို့နယ်ရှိ တံတားဦး (လေကြောင်းမိုးလေဝသ)စခန်းစဖွင့်ချိန်မှစပြီး (၂၉)နှစ်တာကာလအတွင်း မေလ(၂၆)ရက်ကရွာသွန်းသည့် မိုးရေချိန်သည်အများဆုံးမိုးရေချိန်အဖြစ်စံချိန်သစ်တင်ခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်လိုက်ပါသည်၊၊

 

၁၉၉၉ ခုနှစ်တွင် မိုးရေချိန်(၄.၈၈)လက်မနှင့်စံချိန်တင်ခဲ့ရာမှ ၂၀၂၂ခုနှစ်မေလ(၂၆)ရက်တွင်မိုးရေချိန် (၅.၅၅) လက်မနဲ့ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပါသည်၊၊

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်မှတ်သားဖွယ်ရာ မိုး‌ရေချိန်များအဖြစ် တံတားဦး(လေကြောင်းမိုးလေဝသ)တွင် (၅.၅၅)လက်မ၊ မြစ်ငယ်မြို့တွင်(၄.၀၉)လက်မ၊ စဉ့်ကိုင်မြို့တွင် (၃.၉၀)လက်မ၊ ရွှေစာရံမြို့တွင် (၃.၄၇)လက်မ၊ စဉ့်ကူးမြို့တွင် (၃.၃၀)လက်မ၊စစ်ကိုင်းမြို့တွင် (၂.၇၉)လက်မ၊ နွားထိုးကြီးမြို့တွင် (၂.၇၃)လက်မ၊ ထားဝယ်မြို့တွင် (၂.၆၇)လက်မ၊ ရေးမြို့တွင် (၂.၅၆)လက်မ၊ မန္တလေး(အောင်မြေသာစံမြို့နယ်)တွင် (၂.၄၈)လက်မ၊ သံတွဲမြို့တွင် (၂.၁၂)လက်မ၊ မန္တလေး(ချမ်းမြသာစည်မြို့နယ်)တွင် (၂.၀၂)လက်မတို့ရှိကြောင်း ထုတ်ပြန်ထားပါသည်၊၊

 

မုတ်သုန်ကာလဖြစ်သောကြောင့် နိုင်ငံတစ်ဝန်း ဒေသတော်တော်များများတွင် မိုးရွာသွန်းခြင်း၊မိုးကြီးခြင်းများဖြစ်ပေါ်မည်၊၊

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သောကြောင့် အထူးသတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group