#LocalNews
Published - 26 May 2022

 

နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကော်မတီ (TBC) မှ မယ်ဆိုင်နှင့်အခြားနယ်စပ်ဂိတ်များကို ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပိုစ့်တွင် ဖော်ပြထားသည်။

 

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆိုင်ထားသူများအနေဖြင့် ချင်းခွန်၊ မယ်ဆိုင်နဲ့ ချင်းဆန် ခရိုင်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ၊ TBC ညှိနှိုင်းရေးမှူးတွေအပါအဝင် မြန်မာနိုင်ငံတာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးတို့တက်ရောက်သည့် အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကော်မတီမှ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၁၊ အမှတ် ၂ တို့နှင့် မယ်ဆိုင်မှ ယာယီ နယ်စပ်ဂိတ် ၅ ခု ဖွင့်လှစ်ရန် အဆိုပြုခဲ့ကြောင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဇွန်လ ၁ ရက်တွင် နယ်စပ်ဂိတ်များ ဖွင့်လှစ်ခြင်းမပြုမီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား စမ်းသပ်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်းလည်း ဖော်ပြထားသည်။

 

ygn/sth
#Yangon_Media-Group