#LocalNews
Published_26 May 2022

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မက္ကဒေးမီးယား တောင်သူများအား စက်ကိရိယာများထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။

 

အဆိုပါ အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး မက္ကဒေးမီးယားပျိုးပင် ၃၀၂၈၂ ပင်၊ အခွံမာခွဲကိရိယာနှင့် အခွံနွှာစက် ၂၀၆ လုံးတို့ကို တောင်သူ ၁၁၈ ဦးအား ထောက်ပံပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၈၄၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group