#LocalNews
Published_26 May 2022

 

ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး ကို သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်းမှသိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

မေလ ၂၄ ရက်က အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၁၁၀၃၈၃) ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မေလ ၂၃ ရက်ကလည်း ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် Light Truck (RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၁၄၆၈၈)ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူထားကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group