#LocalNews
Published -24 May 2022

 

အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊

 

အဲဒီ့လိုဖွင့်လှစ်နိုင်ဖို့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ ဥက္ကဌဆရာတော်နဲ့ဒုဥက္ကဌဆရာတော်တို့က မေလ(၂၃)ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်၊၊

 

မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ၊သင်ရိုးမာတိကာနဲ့ သင်တန်းပြဌာန်းစာအုပ်တွေ ပြုစုဖို့လုပ်ငန်းအဖွဲ့လည်း ဖွဲ့စည်းဆောင်ရွက်နေပြီလို့ သိရပါတယ်၊၊

 

မြန်မာ့ပြက္ခဒိန်တွက်နည်းစနစ်တွေ၊ မဟာသင်္ကြန်စာရေးသားပြုစုနည်းတွေ တိမ်ကောပပျောက်မှုမရှိအောင် မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဦးဆောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group