#Local_News
Published_ 24 May 2022

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာတွင် အခန်းတန်ဖိုးငွေ အကြေပေးသွင်းဝယ်ယူထားသူများကို အိမ်ပေါ်တက်ရောက် နေထိုင်ခွင့်ပြုသည့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ မေ ၃၀ ရက်မှ စတင်ပြီး နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။

 

အိမ်ခန်းဝယ်ယူရန် DUHD Sale Housing Facebook Page မှ လျှောက်ထား လာသူများအနက် အခန်းမဲနှိုက်ခွင့် ရရှိသူများစာရင်းကို ကြေညာပြီး မတ် ၃၀ ရက်က Live လွှင့်ကာ သက်ဆိုင်ရာအိမ်ရာ အမျိုးအစားအလိုက် မဲပေါက်သည့်အခန်းများကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင် အိမ်ခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထုတ်ပေးခဲ့ပြီး CHID Bank ဘဏ်သို့ဆက်သွယ်ကာ အခန်းတန်ဖိုးငွေပေးသွင်းဝယ်ယူရေး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group