#Local_News
Published_ 23 May 2022

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေစျေးနှုန်း တည်ငြိမ်စေရေး လပတ်အစည်းအဝေးကို ဒီကနေ့ မေ ၂၃ ရက် နံနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

မီးလင်းရွှေ အတုံး/အခဲရောင်းဝယ်ရာတွင် စည်ပင်လိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် ထောက်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အသင်းရုံးတွင် ရုံးချိန်အတွင်းလာရောက် ရယူနိုင်ကြောင်း သိရပါတယ်။

 

ထို့ပြင် YGEA အသင်းသားများနှင့် ရွှေကုန်သည်အားလုံး သိရှိစေရန် အချက် ၇ ချက် ကိုလည်း ထုတ်ပြန်ကြေညာထားပြီး အသင်းရုံးခန်း၌ သတ်မှတ်ထားသော ရည်ညွှန်းစျေးဖြင့်သာ ရွှေ အရောင်းအဝယ် ပြုလုပ်ဖို့လည်း အသိပေးထားပါတယ်။

 

ဒီကနေ့ မေလ (၂၃) ရက် နေ့လယ် ၁၂ နာရီခွဲအချိန် အကယ်ဒမီ မီးလင်းရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်းနှစ်ဆယ် ငါးသောင်းလေးထောင် ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၈၅၇ ဒေါ်လာ ရှိနေပါတယ်။

 

ymg-mnn
#Yangon_Media_Group