Published 22 May 2022

နစကဥက္ကဋ္ဃရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ဆွေးနွေးပွဲလာရောက်တဲ့ ဒုတိယမြောက် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုအဖြစ် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ

ယနေ့ မေလ (၂၂)ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပါတယ်။

မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဟာ မနက်ဖန်မေလ၂၃ရက်မှာ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။

ဆွေးနွေးပွဲကို ပထမဆုံးတက်ရောက်လာတဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ယနေ့မေလ၂၂ ရက်မှာ ဒုတိယနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။