#LocalNews
Published_20 May 2022

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို ရောက်ရှိခဲ့ပြီး နောက်(၂၄)နာရီအတွင်းမော်လမြိုင်မြိုအနီးမှ ကုန်းတွင်းသိုဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

 

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေလ ၂၁ ရက် ထိ ကြားကာလအတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။

 

ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကာ လှိင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/mt
#Yangon_Media_group