#LocalNews
Published -20 May 2022

 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်းကို အာဆီယံနိုင်ငံများအချင်းချင်းကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်၊၊

 

မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အီလက်ထရော်နစ်မှတ်တမ်းကို အာဆီယံက တရားဝင် အသိအမှတ်ပြုထားတာဖြစ်ပါတယ်၊၊

 

ဒါကြောင့်မိုလို့ မေလ(၁၅)ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကိုအာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုခြင်းစနစ် (ASEAN Covid-19 Vaccine Certificate Single Verification Portal) ဖြစ်တဲ့https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊

 

ပြည်ပနိုင်ငံတွေကိုခရီးသွားမယ့်သူတွေကို ဧပြီလ (၇)ရက်ကစလို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးတာကို အွန်လိုင်းစနစ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးနေတာဖြစ်ပြီး အခုချိန်မှာတော့ အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်တဲ့အကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group