#LocalNews
Published - 17 May 2022

 

(၃၁) ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာအားကစားနည်းပြိုင်ပွဲရဲ့ ဘိလိယက်အားကစားပြိုင်ပွဲ ပွဲစဉ်မှာ စင်္ကာပူပြိုင်ဘက်ကိုအနိုင်ရရှိပြီး မြန်မာဘိလိယက်အားကစားသမားဦးပေါက်စ ရွှေတံဆိပ်ဆုရရှိခဲ့တယ်လို့ သိရပါတယ်၊၊

 

မြန်မာနိုင်ငံဘိလိယက် အားကစားနည်းအတွက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အင်္ဂလိပ်ဘိလိယက် အားကစားနည်းမှ ရွှေတံဆိပ်ဆုကို ပထမဦးဆုံးအကြိမ် ဦးပေါက်စက အရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်၊၊

 

အဆိုပါ ပြိုင်ပွဲရဲ့ အင်္ဂလိပ်ဘိလိယက်အားကစားပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာဘိလိယက်အားကစားသမား ဦးပေါက်စဟာ ဗိုလ်လုပွဲစဉ်မှာ စင်္ကာပူရဲ့နာမည်ကြီး ဘိလိယက်ကစားသမား Peter Gilchrist ကိုအနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက်ရွှေတံဆိပ်ဆုကို မေလ (၁၇)ရက်မှာ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်၊၊

 

(၃၁) ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာအားကစားနည်းပြိုင်ပွဲရဲ့ ပွဲစဉ်များကို မေလ (၁၄) ရက်ကနေ (၂၂) ရက်နေ့ထိ ကျင်းပလျက်ရှိနေတယ်လို့သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group