#LocalNews
Published - 15 May 2022

 

အရှိန်မထိန်းနိုင်သည့် အိမ်စီးယာဥ်တစ်စီးကအမြန်လမ်းရှိ ဂက်ဝေးတန်းနှင့် ခရေပင်များအားဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဥ်တစ်ခု မေလ ၁၅ ရက်၊နံနက် ၈ နာရီ ၁၅ မိနစ် အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၇/၅)တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Landcruiser cygnus အမျိုးအစား (ခဲရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ ဂက်ဝေးတန်းနှင့် ခရေပင်များအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာပါ။

 

ယာဥ်တိုက်မှု ဖြစ်ပွားရာသို့ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် ပါ အမျိုးသား(၄)ဦးအနက် ယာဉ်မောင်းအမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တိုအား မြို့ချောင်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD

 

ymg/kg
#Yangon_Media_Group