#Local_News
Published_ 13 May 2023

 

မန္တလေးမြို့၊ ကျုံးလေးပြင်ရှိ လမ်းများပေါ်တွင် သံဃာတော်အပါး ၁၀၂၆၄ ပါးကို လှူဒါန်းမည့် ဆွမ်းလောင်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးမှူး၍ မေ ၁၄ ရက် ကဆုန်လပြည့်နေ့ နံနက်ပိုင်း၌ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်တွေက သံဃာတော်အပါး ကို ၁၀၂၆၄ ပါး လာမယ့်မေ ၁၄ ရက် ကဆုန်လပြည့်နေ့မှာ ဆွမ်းခံကြွဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

 

ဆွမ်းလောင်းပွဲကို မေ ၁၄ရက် နံနက် ၆နာရီတွင် စတင်မည်ဖြစ်ပြီး ၆၆ လမ်းအတိုင်း ကျုံးအရှေ့ဘက်(အရှေ့ပြင်)တွင် သံဃာတော် ၂၅၆၆ ပါး၊ ၂၆ လမ်းအတိုင်း ကျုံးတောင်ဘက်(တောင်ပြင်)
တွင် သံဃာတော် ၂၅၆၆ ပါး၊ လမ်း ၈ဝ အတိုင်း ကျုံးအနောက်ဘက်(အနောက်ပြင်) တွင် သံဃာတော် ၂၅၆၆ ပါး၊ ၁၂ လမ်းအတိုင်းကျုံးမြောက်ဘက် (မြောက်ပြင်) တွင် သံဃာတော် ၂၅၆၆ ပါး စုစုပေါင်း သံဃာတော် ၁၀၂၆၄ ပါးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို လောင်းလှူသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

ymg_mnn
#Yangon_Media_Group