Published_13 May 2022

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များနှင့် လွတ်လွတ်လပ်လပ်ဆွေးနွေးမှုကြောင့် ရသင့်သည့် အဖြေတစ်ခုရရှိလာမည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောကြားလိုက်သည်။

မေလ ၁၂ ရက်တွင်ကျင်းပခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၂)တွင် သူက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တိုတောင်းသည့်ကာလအတွင်းအဖြေတစ်ခုခုရရှိဖို့ အဖွဲ့အစည်းများအလိုက် ဥက္ကဋ္ဌနှင့်ညှိနှိုင်းတိုင်ပင်နိုင်ရန် နှစ်ဦးတို့ကို မိမိနှင့် သီးခြားစီတွေ့ဆုံဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်စွာဆွေးနွေးနိုင်ဖို့ဖိတ်ခေါ်ခဲ့တာပါ။ အဲသလိုဆွေးနွေးမှုကြောင့် ရသင့်တဲ့ အဖြေတစ်ခုရရှိလာမှာဖြစ်ပြီးထပ်မံတွေ့ဆုံဆွေးနွေးမှုတွေဆက်လက်ဆေင်ရွက်သွားပါမယ်” ဟု ဗိုလ်ချူပ်မှူကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အခွင့်အာဏာများခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများရရှိစေရန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကိုသွားရမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

"မူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ လာမတက်ဘူးဆိုပြီး တော့ ဆုံးဖြတ်ချက်ချခဲ့တာ KNU အဖွဲ့ဖြစ်ပါတယ်။ KNU ရယ် နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲ့ဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့်လည်းသူတို့က ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရှိ ရပါတယ် "ဟုနစက ဥက္ကဌ က ပြောသည်                                                                  

 "နိုင်ငံ့အရေး၊ ကိုယ့်ပြည်တွင်းအရေးမှာ ပြည်ပက ပါဝင်နေသမျှကာလပတ်လုံးတိုင်းပြည် တည်ငြိမ်အေးချမ်းဖိုဆို့တာတော်တော်ခက်ကြောင်း၊ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပြီး တခြားပြည်ပနိုင်ငံ တွေကနေပြီးတော့ ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်ရအောင် ဆောင်ရွက်ပေးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဟု သူကဖြည့်စွက်ပြောကြားသည်။                                                                             

ငြိမ်းချမ်းရေးကို အမှန်တစ်ကယ်လိုချင်ပါက ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်နဲ့ လာကြဖို့၊ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ဒီမိုကရေစီ တစ်ကယ်မှန်မှန်ကန်ကန် ဖြစ်ချင်ပါက ဒီမိုကရေစီလိုချင်တဲ့ဆန္ဒနှင့် ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ်ဆိုတဲ့ အမြင်ရှိတယ်၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မအောင်မြင်စရာ အကြောင်းမရှိဘူးဟုလည်း သူက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက်၇ ဖွဲ့တက်ရောက်မည်ဖြစ်ပြီးNCAလက်မှတ်ရေးထိုးထားခြင်း မပြုရသေးသောအဖွဲ့များအနက်၃ ဖွဲ့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။                                                                                                                                                                                                           

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယခု မေလအတွင်း ပြုလုပ်သွားမည်ဟုသတင်းရရှိပါသည်။

ymg/mt/mnn

Yangon_Media_Group