#LocalNews
Published - 10 May 2022

 

ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ဒီကနေ့ နံနက်ပိုင်းအချိန်က (၆)ဘီးကုန်တင်ယာဥ်တစ်စီး ပလက်လန် တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၄/၂)နှင့် (၃၃၄/၃)ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

 

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကယ်ဆယ်လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတာပါ။

 

ယခုယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

 

ymg/kg
#Yangon_Media_Group