#LocalNews
Published - 10 May 2022

 

အမြန်လမ်းမကြီးတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်အား ခရီးသည်တင် Express ယာဥ်တစ်စီးက ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တစ်ခု မေ ၉ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၃/၁-၂)ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

ဖြစ်စဥ်မှာ ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်သည် ရှေ့မှ လမ်းဖြတ်ကူးလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

 

ယင်းဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား(၂)ဦးအနက်မှ ဆိုင်ကယ်ယာဉ် မောင်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် နောက်မှလိုက်ပါလာသူ (သေဆုံး)တို့အား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - အမြန်လမ်း မီးသတ်တပ်ဖွဲ့

 

ymg/kg
#Yangon_Media_Group