Published 9 May 2022

၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ(၁၅၈)ခု စာရင်းကို ဗဟိူဘဏ်က ယနေ့ မေလ(၉)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီကုမ္ပဏီ (၁၅၈)ခုဟာ (၃)နှစ်အတွင်း ပို့ကုန်တင်ပို့ပြီးသော်လည်း ပို့ကုန်ငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားခြင်း၊ပို့ကုန်သွင်းကုန်လုပ်ငန်းမှတ်ပုံတင်ပိတ်သိမ်းခြင်း၊အစည်းအဝေးတွေပြုလုပ်ပြီး ဆွေးနွေးခြင်းတွေ ပြုလုပ်သော်လည်း ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကုမ္ပဏီ၁၅၈ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-ကအရ အရေးယူဆောင်ရွက်လျှက်ရှိပြီး အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေကိုလည်း အမည်မည်းစာရင်းထည့်သွင်းထားကြောင်းနှင့် ကျန်ရှိနေသေးသည့် ပျက်ကွကန်လျှက်ရှိဆဲ ကုမ္ပဏီတွေကိုလည်း အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်စီစစ်နေတယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

(သတင်းထုတ်ပြန်ချက်နှင့်စာရင်းပူးတွဲဖော်ပြထားပါတယ်)

Source: CBM