#LocalNews
Published - 9 May 2022

 

မိုးရာသီမှာ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံတွေ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေဖို့အတွက်ကြိုတင်ကာကွယ်ရေးတွေအနေနဲ့ ရေစီးလမ်းကြောင်းတွေပြန်လည်ဖော်ထုတ်တာ၊ တည့်မတ်တာတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)မှသိရပါတယ်၊၊

 

ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံတွေ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေဖို့နဲ့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မိုးရာသီမတိုင်မီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ဖို့ မူလရေလမ်းကို အခြေခံပြီး ညောင်လက်ဖက်ကန်မှ အာနန္ဒာဘုရားအနီးမှတစ်ဆင့် ပုဂံမြိုရိုးအ‌ရှေ့ဘက် ကျူံးအထိ ရေစီးဆင်းဖို့ လမ်းကြောင်းတွေ၊ အနော်ရထာလမ်းပေါ်မှာ ရေကျော်(၂)နေရာ ပြုလုပ်မယ့်နေရာတွေနဲ့ မနူ၊ မရွဲကန်တွေမှ ပုဂံမြို့ရိုးတောင်ဘက် ကျုံးအတွင်းထိ ရေစီးဆင်းဖို့လမ်းကြောင်းများ‌ ပြန်လည်ဖော်ထုတ်နိုင်ဖို့နဲ့ ရေလမ်းကြောင်းတွေ ပြန်လည်တည့်မတ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်၊၊

 

အဲဒီ့ဆောင်ရွက်မှုတွေကို ပုဂံဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူနဲ့ သုတေသနဌာနစုတို့မှ လက်ထောက်ညွှန်ကြားရေးမှူးတွေ၊ လက် ထောက်အင်ဂျင်နီယာများ၊ ဦးစီးအရာရှိနဲ့ ဝန်ထမ်းတွေက ကွင်းဆင်းကြည့်ရူစစ်ဆေးပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group