#Local_News
Published_ 8 May 2022

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိတဲ့နေရာများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် အမှတ် (၁) ပင်မဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများသို့ နစက လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ဇွန်(၂၇)ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဖြစ်တဲ့ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၅)ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

 

ymg-mnn
#Yangon_Media_Group